လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ဟင်္သာတမြို့နယ်၊ မဒေါ့တလုတ်အုပ်စုအတွင်းရှိ (ဇမ္ဗူညွှန့်ရပ်ကွက်၊ ပြည်တော်သာ(၁)လမ်း၊ (၂) လမ်း၊ (၃) လမ်း)နှင့် ဇလွန်မြို့နယ်၊ ပျဉ်းမ ကုန်းအရှေ့အုပ်စု၊ ငြိမ်းချမ်းဦး/ရွာမကျေးရွာ၊ ပျဉ်းမကုန်းအနောက်အုပ်စု ၊ညောင်ကုန်း/ကျုံမ ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနပြည်သူ များအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)