Category Archives: News
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာ အုပ်စု၊ သာယာကုန်းကျေးရွာတွင် (၂၇-၅-၂၀၂၀)ရက်နေ့ ကမ်းပြို ရွှေ့ပြောင်းအိမ်ခြေ (၂)လုံး၊ ၄င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၇)ဦး တို့အတွက်- -အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)ကျပ် -ဆန်ရိက္ခာဖိုး (၁၄၇၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၁၄၇၀၀/-) ကျပ်ကို (၂၈-၅-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင်အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ha_rbe #ayy_may2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ
မေလ ၂၇ ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများ တွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ဆိုင်းဂျာ၊ ကတ်သလစ်၊ နှစ်ခြင်း၊ လီဆူ၊ ထန်းညနှင့်ညောင်နှစ်ပင် စုစုပေါင်း IDP စခန်း(၆)ခုတွင် လက်သန့်ဆေးရည်(၈၆၄)ဘူး၊ ထုံး(၆၀)အိတ်၊ ဆပ်ပြာ(၂,၃၇၃)ခဲ၊ လက်ဆေးစင်(၁၁)ခု၊ … Read more
-
မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာလဲလှယ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၅-၂၀၂၀)ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၊ မြို့ပတ်လမ်း အ.ထ.က(၁)ကျောင်းရှေ့၌ စိုက်ထူထားသော မီးဘေးအသိပညာပေးဗီနိုင်းပိုစတာနေရာတွင် မုန်တိုင်းဘေးအသိပညာပေးဗီနိုင်း ပိုစတာအား လဲလှယ်ပြီးစီးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020
-
Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၇ -၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်(၂/၄)ရပ်ကွက်၊ သပြေခြံကျေးရွာ၊ ထန်းနှစ်ပင်ကျေးရွာ၊ သံပရာကုန်းကျေးရွာ၊ ကလိန်ကျေးရွာ၊ လမုတန်းကြီးကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများအား သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ သံလျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘုရားကုန်းလမ်းဆုံ၊ ဘုရားကုန်းဈေးတို့တွင် mask campaign နှင့် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီရောင်းချစားသုံးစေရေး၊ ရှောင်တခင်စစ်ဆေးခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရန်/ရှောင်ရန်များ သိရှိနိုင်စေရန်အတွက် ဘေး(၈)မျိုး … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ သာဒုချောင်းအုပ်စု၊ သာဒုချောင်းကျေးရွာတွင် (၂၇-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွာခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၁၄,၇၀ဝိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၇၄,၇၀ဝိ/-) ကျပ်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇလွန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၈-၅-၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ တောင်ကွင်းကျေးရွာအုပ်စု၊ ကညင်ကွင်းကျေးရွာတွင် သောက်သုံးရေ ရှားပါးသောကြောင့် (၂၇-၅-၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီအချိန်၌ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀)ရက်နေ့၊ (၁၈:၀၀)နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ အုပ်စု၊ မင်းကုန်းကျေးရွာနှင့် အောင်သုခကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၅၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆၄,၇၀ဝိ/-)ကျပ်အား (၂၈-၅-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့် ပူးပေါင်း၍ (၂၇-၅-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်အတွက် စီးနင်းလိုက်ပါ လာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၅.၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ သင်္ကန်းဒေါင့်ကျေးရွာအုပ်စု၊ သင်္ကန်းဒေါင့် ကျေးရွာ၊ ညောင်ဝိုင်းစုကျေးရွာ၊ တောင်စုကျေးရွာ၊ ကညင်လေးပင်ကျေးရွာ၊ သုံးအိမ်တန်းကျေးရွာ၊ သံဒင်းချောင်ကျေးရွာ၊ နုံးကနိုင် ကျေးရွာ၊ သရက်ပင်လှကျေးရွာ၊ ငါးရံ့ချောင်းကျေးရွာ၊ သင်္ကန်းဒေါင့် (အထက်ပိုင်း)ကျေးရွာ၊ ကုံးစုကျေးရွာ၊ ကွင်း(လယ်စု)ကျေးရွာ တို့တွင် (၀၈:၀၀) နာရီမှ (၁၇:၀၀)နာရီအထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံနှံ့လျှက်ရှိသော Covid-19 ကူးစက်ရောဂါ နှင့် ပက်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စုနှင့် ထန်းတပင် အုပ်စုတို့ရှိ ကျေးရွာခွဲ (၉)ရွာတို့တွင် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၅၀) လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁)လုံး၊ လူဦးရ (၁၈၁) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၂၀၀, ၀၀၀) ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၈၀,၁၀၀)ကျပ်ကိုလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် (၁၀၀,၀၀၀) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်း … Read more









