
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စုနှင့် ထန်းတပင် အုပ်စုတို့ရှိ ကျေးရွာခွဲ (၉)ရွာတို့တွင် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၅၀) လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁)လုံး၊ လူဦးရ (၁၈၁) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၂၀၀, ၀၀၀) ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၈၀,၁၀၀)ကျပ်ကိုလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် (၁၀၀,၀၀၀) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂,၆၈၀,၁၀၀) ကျပ်ကို (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့ ကွင်းဆင်း၍ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_may2020