ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

မေလ ၂၇ ရက်နေ့၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများ တွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ဆိုင်းဂျာ၊ ကတ်သလစ်၊ နှစ်ခြင်း၊ လီဆူ၊ ထန်းညနှင့်ညောင်နှစ်ပင် စုစုပေါင်း IDP စခန်း(၆)ခုတွင် လက်သန့်ဆေးရည်(၈၆၄)ဘူး၊ ထုံး(၆၀)အိတ်၊ ဆပ်ပြာ(၂,၃၇၃)ခဲ၊ လက်ဆေးစင်(၁၁)ခု၊ Surgical Mask (၈၆၄)ခု၊ အဝတ် Mask (၆,၇၁၂)ခု၊ အပူချိန်တိုင်းကိရိယာ(၁၂)ခု၊ Hand Speaker (၆)ခု၊ ဗီနိုင်း(၆)ချပ်နှင့် COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၆)ခု တို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။

အလားတူ   ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဒါးပိုင်၊ ခေါင်းဒုက္ကာ၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ သက္ကေပြင်၊ မော်သီညာ၊ အုန်းတောချေ၊ အုန်းတောကြီး(တောင်)၊ အုန်းတောကြီး (မြောက်)၊ ဆေးသမားကြီးနှင့် ဘာဆာရာ စုစုပေါင်း IDP စခန်း(၁၂)ခုတွင် လက်သန့်ဆေးရည် (၁၆,၇၂၇)ဘူး၊ အပူချိန်တိုင်းကိရိယာ(၆)ခုတို့အား သွားရောက်ထောက်ပံ့ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာမြှင့်တင် ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar
#kcn_rke_may2020

Source:        MOSWRR


Sign Up

Upcoming Events