လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာ အုပ်စု၊ သာယာကုန်းကျေးရွာတွင် (၂၇-၅-၂၀၂၀)ရက်နေ့ ကမ်းပြို ရွှေ့ပြောင်းအိမ်ခြေ (၂)လုံး၊ ၄င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၇)ဦး တို့အတွက်- -အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)ကျပ် -ဆန်ရိက္ခာဖိုး (၁၄၇၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၁၄၇၀၀/-) ကျပ်ကို (၂၈-၅-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင်အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ha_rbe
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)