လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၇ -၅-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်(၂/၄)ရပ်ကွက်၊ သပြေခြံကျေးရွာ၊ ထန်းနှစ်ပင်ကျေးရွာ၊ သံပရာကုန်းကျေးရွာ၊ ကလိန်ကျေးရွာ၊ လမုတန်းကြီးကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများအား သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ သံလျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘုရားကုန်းလမ်းဆုံ၊ ဘုရားကုန်းဈေးတို့တွင် mask campaign နှင့် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီရောင်းချစားသုံးစေရေး၊ ရှောင်တခင်စစ်ဆေးခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရန်/ရှောင်ရန်များ သိရှိနိုင်စေရန်အတွက် ဘေး(၈)မျိုး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲများနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ygn_may2020
Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး- ဘစမ)