လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ သာဒုချောင်းအုပ်စု၊ သာဒုချောင်းကျေးရွာတွင် (၂၇-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွာခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၁၄,၇၀ဝိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၇၄,၇၀ဝိ/-) ကျပ်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇလွန်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၈-၅-၂၀၂၀) ရက်နေ့ (၁၁:၃၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_may2020

Sign Up

Upcoming Events