လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၅.၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ သင်္ကန်းဒေါင့်ကျေးရွာအုပ်စု၊ သင်္ကန်းဒေါင့် ကျေးရွာ၊ ညောင်ဝိုင်းစုကျေးရွာ၊ တောင်စုကျေးရွာ၊ ကညင်လေးပင်ကျေးရွာ၊ သုံးအိမ်တန်းကျေးရွာ၊ သံဒင်းချောင်ကျေးရွာ၊ နုံးကနိုင် ကျေးရွာ၊ သရက်ပင်လှကျေးရွာ၊ ငါးရံ့ချောင်းကျေးရွာ၊ သင်္ကန်းဒေါင့် (အထက်ပိုင်း)ကျေးရွာ၊ ကုံးစုကျေးရွာ၊ ကွင်း(လယ်စု)ကျေးရွာ တို့တွင် (၀၈:၀၀) နာရီမှ (၁၇:၀၀)နာရီအထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံနှံ့လျှက်ရှိသော Covid-19 ကူးစက်ရောဂါ နှင့် ပက်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)