Category Archives: News
-
လေဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၌ (၃၀.၅.၂၀၂၀)ရက်နေ့၊ ညနေ(၂၀၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၃)ဦး၊မ(၃)ဦး၊ စုစုပေါင်း(၆)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ(၁၂၆၀၀ိ/-)၊ စုစုပေါင်း(၄၂၆၀၀ိ/-)ကို (၁.၆.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄း၀၀)အချိန်တွင် ထန်းတပင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_jun2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာရဖုံကျေးရွာအုပ်စု၊ အနောက်သာရဖုံကျေးရွာ၌ (၃၀-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ဖိုး (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) အိမ်ထောင်စာကို (၁-၆-၂၀၂၀) ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀)ရက်နေ့၊ (၁၇:၁၅)နာရီအချိန်တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၄)ရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း၊ လူနေအိမ် (၃၇)လုံး၊ လေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ လူနေအိမ် (၃၇)လုံး၊ အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၁၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၆၆၇၀ဝ/-)ကျပ်၊ အိမ်ဆောက်/ ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၆၄၀၀ဝ/-)ကျပ် ရန်ပုံငွေစုစုပေါင်း(၁၁၃၀၇၀ဝ/-)ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၄:၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
IDPs စခန်းများ၌ Covid-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ hand speaker နှင့် Memory Stick များထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၆. ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင် မြို့နယ်အတွင်းIDP(camps) ၃ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း၊ ကာလိုင်၁၊ ကာလိုင်၂၊ စခန်းတစ်ခုလျှင် Hand Speaker(၁)ခု၊ Memory Stick(၁)ခုနှုန်းဖြင့် စုစုပေါင်း Hand Speaker(၃)ခု၊ Memory Stick(၃)ခု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီအချိန်တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မိုးဖုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၈)လုံး၊ လေဘေးသင့် အိမ်ထောင်စု(၈)စု၊ လူဦးရေ(၂၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်ဖိုးစာထောက်ပံ့ငွေ (၅၀၄၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၇၃၀၀ေ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၂၂၃၄၀ဝ/-)ကျပ်အား (၁-၆-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၄:၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #mgy_jun2020
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ဖန်ခါးပင်ကျေးရွာရှိ အိမ်ထောင်စု(၁၄၀)စုနှင့် တယ်ပင်ကျိုးကျေးရွာရှိ အိမ်ထောင်စု(၉၈)စုတို့အတွက် သောက်ရေ (၂၀)လီတာ (၉၅၂)ဗူး၊ စုစုပေါင်း (၄၇၆၀)ဂါလံ အား ( ၁.၆.၂၀၂၀)ရက်နေ့၊ နံနက်(၀၉း၀၀) အချိန်တွင် သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #bgo_jun2020 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိုးတားလေး ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာတွင် (၂၈-၅-၂၀၂၀)ရက်၊ ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို ပြောင်းရွှေ့အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၁၂၆၀၀) ကျပ်အား (၁-၆-၂၀၂၀) ရက်၊ (၁၂:၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃) အုပ်စု၊ ကျေးရွာ (၄၅) ရွာတို့၌ (၂၈- ၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၉) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၉၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၇၉၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၄၀၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၈၄၂၁၀ဝ/-) ကျပ်၊ … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာ၌ (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅,၀၀ဝ/-)ကျပ် တို့ကို (၁-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_jun2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၃၀-၅-၂၀၂၀)ရက်နေ့(၂၀:၀၀)နာရီ အချိန်၌ ပခုက္ကူမြို့နယ်၊ ရွှေဒါးကျေးရွာအုပ်စု၊ ရွှေဒါးကျေးရွာတွင် ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၅,၀၀ဝိ/-) ကျပ်၊ လူဦး ရေ(၁၃)ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၇,၃၀ဝိ/-) ကျပ်၊ စုစုပေါင်းကယ်ဆယ် ထောက်ပံ့ငွေ(၁၄၂,၃၀ဝိ/-) ကျပ်အား (၁-၆-၂၀၂၀) ရက်နေ့၊ (၁၁:၁၁)နာရီအချိန်တွင် တာဝန်ရှိသူ များရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jun2020









