Category Archives: News
-
နေရပ်ပြန် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ ဒုတိယဥက္ကဌ(၁)၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ စခန်း(၂)ခုမှ မူလကျေးရွာ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ပေးထားသောနေရာနှင့် ဆွေမျိုးအိမ်များသို့ ပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများအတွက် စုစုပေါင်းတန်ဖိုး(၄၃၉၂၅၃၀၀/-)ရှိ စားနပ်ရိက္ခာ(ဆန်၊ဆီ၊ပဲ၊ဆား)(၆)လစာနှင့် ပြောင်းရွှေ့စရိတ်၊ ပစ္စည်း(၂၂)မျိုးပါ Family Kit (၈၁)ပုံးအား (၁၃-၆-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်စခန်းမှ ပြောင်းရွှေ့သည့်အိမ်ထောင်စု(၅၄)စုအတွက်လည်းကောင်း၊ (၁၄-၆-၂၀၂၀)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ခိုက်ဘာဂျီ(ဆော့ဇမ်)စခန်းမှ ပြောင်းရွှေ့သည့် အိမ်ထောင်စု(၂၇)စုအတွက်လည်းကောင်း … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ဆုပန်ရပ်ကွက်၊ ဆယ်သိန်းရပ်ကွက်၊ (၁၆/၁) ရပ်ကွက်၊ (၁၆/၂) ရပ်ကွက်၊ (၁၆/၃) ရပ်ကွက်၊ (၁၆/၄) ရပ်ကွက်တို့တွင် Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာများအား အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_jun2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၁၂-၆-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၆,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၅၆,၇၀၀/-) ကျပ် အား (၁၅-၆-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း … Read more
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့နေအိမ်များအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၁၂-၆-၂၀၂၀)ရက်နေ့၊(၀၉:၀၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၉၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၈၁၉၀ဝိ/-)၊ စုစုပေါင်းကျပ်(၉၈၁၉၀ဝိ/-)အား (၁၅-၆-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာနှင့် ရောင်းမော် ကျေးရွာတို့တွင် လောစပီကာတို့ဖြင့် Covid-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၂၀ ) ရက်နေ့ တွင် အင်္ဂပူမြို့၊ အမှတ်(၁) ရပ်ကွက်၊ အောင်ချမ်းသာကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး( ၅၀,ဝဝဝ/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၁၀,၅၀၀/-) ၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀,၅၀ဝ/-) ကျပ်တို့ကို (၁၅-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) … Read more
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၀)ရက်နေ့၊ (၂၀:၀ဝ)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု ၊စစ်ပြဲကျေးရွာတွင် မီးဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) ကျပ်နှင့် ဘေးသင့်ပြည်သူ (၁) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၂,၁၀ဝိ/) ကျပ်အား သက်ဆိုင်ရာ ရပ်ကျေးစာရေးနှင့်အတူ (၁၅-၆-၂၀၂၀) ရက်နေ့၊(၁၄:၄၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: : လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက် နေ့တွင် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သာစည်ကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ တမံ ဆယ်ကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ၊ အုန်းတောကျေးရွာ၊ ပန်းတင်ကျေးရွာ၊ အောင်ချမ်းသာ ကျးရွာ၊ ပျဥ်ထောင်ကွင်းကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ ကြို့ပင်ဝိုင်းကျေးရွာနှင့် အောင်ချမ်းသာကျးရွာ တို့တွင် Covid-19ရောဂါကူးစက်ပျံနှံ့မှုများနှင့် ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_jun2020
-
မိုးကြိုးဘေးအသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၅.၆.၂၀၂၀) ရက်နေ့တွင် ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ လ၀က်အစည်းအဝေးတွင် မိုးကြိုးဘေး၊ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၀) ရက်နေ့ တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်းဈေး၊ မြို့မကညင်တန်းရပ်ကွက်၊ ညောင်ချောင်း အလယ်ရွာ၊ ညောင်ချောင်းအရှေ့ရွာ၊ ညောင်ချောင်းအနောက်ရွာတို့တွင် အသံချဲ့စက်ဖြင့် Covid-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ၊ Covid-19 ကူးစက်ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးဗဟိုကော်မတီမှ ထုတ်ပြန်ကြေငြာချက်အား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2020 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)









