Category Archives: News
-
Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင်ကင်းတပ်ကျေးရွာ၊ မော်လိုက်ကလေးကျေးရွာ၊ တိန်းသာကျေးရွာ၊ ရှားပင် ကျေးရွာနှင့် (၂၃-၆-၂၀၂၀)ရက်နေ့တွင် အောင်သာယာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက် တံတားဦးရပ်ကွက်၊ စွယ်တော်ရပ်ကွက်များတွင် Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေး အန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများအား မြို့နယ်ထွေအုပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jun2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ(၁၅:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူး စက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက်သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ် သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကိုဒေးဒရဲမြို့နယ်၊ မြလေးရုံကျေးရွာအုပ်စု၊ မြလေးရုံကျေးရွာ၊ ကံကုန်းကျေးရွာ၊ သမှဲ့ချောင်းကျေးရွာ၊ ကဝက်ကျေး ရွာ၊ အငူချောင်းကျေးရွာ၊ ကုန်ကြီးကျေးရွာ၊ လတာချောင်းကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။ #ar #ayy_jun2020 … Read more
-
မြေငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀)ရက်နေ့၊ (၀၅း၀၀)အချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၌ မြေငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၃)စုမှ လူနေအိမ်(၃)လုံး (တစ်စိတ်တစ်ပိုင်း)ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၃၅၇၀၀/-)ကျပ်အား (၂၃-၆-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ eqk #chn_jun2020
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၃-၆-၂၀၂၀)ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁/၂/၃/၄/၅)ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပညာပေးကြေငြာချက်များအား နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး – ဘစမ )
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ လိုက်ပါ၍ (၂၂.၆.၂၀၂၀)ရက်နေ့ (၁၅:၅၅)အချိန်တွင် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ မော့ကနင်ကျေးရွာ၊ အကွက်(၃)ရပ်ကွက်၌ မီးလောင်မှုကြောင့် နေအိမ်လောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၆၀၀၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁၈)အိမ်ထောင်စာနှင့် နေအိမ်အနည်းငယ်လောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၁၅၀၀ဝိ/-)၊ လူဦးရေစုစုပေါင်း (၁၆၁)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၃၈၁၀ဝိ/-)တို့အား (၂၃-၆-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_jun2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး ( ဘစမ )
-
ကမ်းပါးပြို ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဦ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင်(၂၃-၆-၂၀၂၀)ရက်နေ့၊ (၀၇:၀၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၇၅၆၀ဝိ/-)၊ စုစုပေါင်းကျပ်(၈၇၅၆၀ဝိ/-)အား (၂၃-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်းနှင့် လေပြင်းဘေး၊ မိုးကြိုးဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၆-၂၀၂၀)ရက် နေ့တွင် (၁၀း၀၀)အချိန်မှ ( ၁၂း၀၀) အချိန်ထိ ကနီမြို့နယ် မျှိုင်းကျေးရွာ အုပ်စုအတွင်းရှိ မျှိုင်း(ရ)ကျေးရွာ မျှိုင်း(န)ကျေးရွာ မျှိုင်းကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် မိုးကြိုးဘေးအသိပညာပေး Covid 19 ရောဂါအသိပညာပေးဟောပြောခြင်းများအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျေးရွာများအတွင်း လေပြင်းဘေး၊ မိုးကြိုးဘေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်း၊ မိုးကြိုးဘေးနှင့် ရေဘေးအသိ ပညာပေးလက်ကမ်းစာများ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ (၂၃- ၆ -၂၀၂၀) ရက်နေ့ တွင် ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာ၊ ကူကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ လှေပို့ဆိပ် ကျေးရွာ၊ မင်းကုန်းကျေးရွာနှင့် မှတ်ထိကျေးရွာတို့တွင် မိုးကြိုးဘေး၊ ရေဘေး၊ covid-19 ကူးစက် ရောဂါနှင့်ပတ်သက်၍ အသိပညာပေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ရေဘေး၊ မိုးကြိုဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မောင်တောခရိုင်ဦးမှူးရုံးနှင့်ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အတွင်းရှိ တိုက်ပွဲရှောင် စုရပ်စခန်းများသို့ Covid_19ရောဂါကြိုတင်ကာကွယ်သည့် ပစ္စည်းများအား ပြင်ချောင်းအုပ်စု၊ ရွှေသီးစုရပ်ရှိ အိမ်ထောင်စု(၁၀)စု မှ လူဦးရေ (၆၁) ဦးအတွက် ဆပ်ပြာ (၆၁) တောင့်၊ ဗီနိုင်း (၁)ချပ်၊ ထုံး (၅)အိတ် အားလည်းကောင်း၊ ခမောင်းချောင်းအုပ်စု၊ ငဖရုံစုရပ်ရှိ အိမ်ထောင်စု (၆၂)စု မှ လူဦးရေ (၃၁၈)ဦးအတွက် ဆပ်ပြာ (၃၁၈) တောင့်၊ ဗီနိုင်း … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့တွင် မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာ၊ ရွာသာယာ ကျေးရွာ၊ (၄) မိုင်ဘင်္ဂါလီရွာ၊ သစ်တောရွာ၊ မကျည်းကုန်းရွာ၊ အမှတ် (၄) ရပ်ကွက် အောင်မြေဗောဓိတို့တွင် အသံချဲ့စက်ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ၊ ၂၀၂၀ပြည့်နှစ်၊ ဇွန် (၁၀) ရက်နေ့တွင် Covide19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီမှ ထုတ်ပြန်ကြေငြာချက်အား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more









