လူမှုန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ လိုက်ပါ၍ (၂၂.၆.၂၀၂၀)ရက်နေ့ (၁၅:၅၅)အချိန်တွင် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ မော့ကနင်ကျေးရွာ၊ အကွက်(၃)ရပ်ကွက်၌ မီးလောင်မှုကြောင့် နေအိမ်လောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၆၀၀၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁၈)အိမ်ထောင်စာနှင့် နေအိမ်အနည်းငယ်လောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၁၅၀၀ဝိ/-)၊ လူဦးရေစုစုပေါင်း (၁၆၁)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၃၈၁၀ဝိ/-)တို့အား (၂၃-၆-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_jun2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး ( ဘစမ )