လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၃-၆-၂၀၂၀)ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁/၂/၃/၄/၅)ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပညာပေးကြေငြာချက်များအား နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ygn_jun2020
Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး – ဘစမ )