
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ(၁၅:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူး စက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက်သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ် သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဆောင်ရွက်မှုကိုဒေးဒရဲမြို့နယ်၊ မြလေးရုံကျေးရွာအုပ်စု၊ မြလေးရုံကျေးရွာ၊ ကံကုန်းကျေးရွာ၊ သမှဲ့ချောင်းကျေးရွာ၊ ကဝက်ကျေး ရွာ၊ အငူချောင်းကျေးရွာ၊ ကုန်ကြီးကျေးရွာ၊ လတာချောင်းကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။
#ar
#ayy_jun2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)