Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်းနှင့် လေပြင်းဘေး၊ မိုးကြိုးဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၆-၂၀၂၀)ရက် နေ့တွင် (၁၀း၀၀)အချိန်မှ ( ၁၂း၀၀) အချိန်ထိ ကနီမြို့နယ် မျှိုင်းကျေးရွာ အုပ်စုအတွင်းရှိ မျှိုင်း(ရ)ကျေးရွာ မျှိုင်း(န)ကျေးရွာ မျှိုင်းကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် မိုးကြိုးဘေးအသိပညာပေး Covid 19 ရောဂါအသိပညာပေးဟောပြောခြင်းများအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ  ဆောင်ရွက်ခဲ့ပါကြောင်းနှင့်  ကျေးရွာများအတွင်း လေပြင်းဘေး၊ မိုးကြိုးဘေး လက်ကမ်းစာစောင်များအား  ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#sgg_jun2020

Source:                 ကနီမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )

Sign Up

Upcoming Events