Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မောင်တောခရိုင်ဦးမှူးရုံးနှင့်ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အတွင်းရှိ တိုက်ပွဲရှောင် စုရပ်စခန်းများသို့ Covid_19ရောဂါကြိုတင်ကာကွယ်သည့် ပစ္စည်းများအား ပြင်ချောင်းအုပ်စု၊ ရွှေသီးစုရပ်ရှိ အိမ်ထောင်စု(၁၀)စု မှ လူဦးရေ (၆၁) ဦးအတွက် ဆပ်ပြာ (၆၁) တောင့်၊ ဗီနိုင်း (၁)ချပ်၊ ထုံး (၅)အိတ် အားလည်းကောင်း၊ ခမောင်းချောင်းအုပ်စု၊ ငဖရုံစုရပ်ရှိ အိမ်ထောင်စု (၆၂)စု မှ လူဦးရေ (၃၁၈)ဦးအတွက် ဆပ်ပြာ (၃၁၈) တောင့်၊ ဗီနိုင်း (၁)ချပ်၊ ထုံး (၅) အိတ် အားလည်းကောင်း၊ ခမောင်းချောင်း အုပ်စု၊ ဝါးနက်ရုံစုရပ်ရှိ အိမ်ထောင်စု (၅၆)စု မှ လူဦးရေ (၃၁၇) ဦးအတွက် ဆပ်ပြာ (၃၁၇) တောင့်၊ ဗီနိုင်း (၁)ချပ်၊ ထုံး (၅)အိတ် အားလည်းကောင်း၊ ကင်းတောင်အုပ်စု၊ ဒုံးသိမ်ဓမ္မာရုံစုရပ်ရှိ အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၃၆၅) ဦးအတွက် ဆပ်ပြာ (၆၅) တောင့်၊ ဗီနိုင်း ( ၁) ချပ်၊ ထုံး (၃)အိတ် တို့ကို (၂၃-၆-၂၀၂၀) ရက်နေ့တွင် စုရပ်စခန်းရှိ တာဝန်ရှိသူများထံသွားရောက် လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#rke_jun2020

Sign Up

Upcoming Events