မြေငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀)ရက်နေ့၊ (၀၅း၀၀)အချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၌ မြေငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၃)စုမှ လူနေအိမ်(၃)လုံး (တစ်စိတ်တစ်ပိုင်း)ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၃၅၇၀၀/-)ကျပ်အား (၂၃-၆-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_ eqk
#chn_jun2020

Sign Up

Upcoming Events