Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ဆင်မဝဲချောင်းကျေးရွာ၌ (၁၆-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဘိုး (၆၃၀၀ိ/-)၊ စုစုပေါင်း (၁၀၆၃၀၀ိ/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၇-၆-၂၀၂၀)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် မြို့နယ်ဒုတိယဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး ( … Read more
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၆.၂၀၂၀)ရက်နေ့(၀၉:၁၅)အချိန်၌ တောင်ကြီးမြို့နယ်၊ ရေအေးကွင်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် ပျက်စီးသွားသော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ်၊ လူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခါဖိုး (၂၁၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂၁၀၀)ကျပ်နှင့် (၄၆၁၅၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၂၂)မျိုး (၁)အိမ်ထောင်စုစာ အား (၁၆.၆.၂၀၂၀)ရက်နေ့ (၁၇း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_jun2020 Source: … Read more
-
နေရပ်ပြန် ပြည်သူများအား နေရာချထားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၁၇-၆-၂၀၂၀)ရက်နေ့တွင် မြဝတီမြို့ အမှတ်(၂)၊ ချစ်ကြည်ရေးတံတားမှ ရှမ်းပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူဦး(၄၀)အား ပင်လုံတက္ကသိုလ်(ကျူးရုံဘော်ဒါဆောင်)၌ နေရာချထားခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းများကို လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပင်လုံမြို့မအုပ်ချုပ်ရေးမှူးနှင့် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး ( ဘစမ )
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
~~~~~~~ Source: MOSWRR ~~~~~~~ ဇွန် ၁၆၊ နေပြည်တော် ~~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ (၁၆-၆-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ဒူကထောင်နယ်မြေ(၄)၊ (၅)နှင့် (၁၄) စသည့် IDP စခန်း(၃)ခုသို့ သွားရောက်၍ ဆပ်ပြာ(၁၁၅၂)ခဲအား သွားရောက်ထောက်ပံ့ခဲ့ပါသည်။ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၂၀) ရက်နေ့ (၁၉:၂၅)အချိန်၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာအုပ်စု၊ ကြိမ်ခါးကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံး အတွက် ထောက်ပံ့ငွေ(၁၅၀၀၀/-)ကျပ်အား (၁၆-၆-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ fir #bgo_jun2020
-
မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဖလံအိုကျေး ရွာအုပ်စု၊ ဖလံအိုကျေးရွာတွင် (၁၅-၆-၂ဝ၂ဝ) ရက်နေ့၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေ အိမ်(၄) လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၃) ဦး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ထောင်စု (၄) စုစာ၊ နေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅ဝဝ,ဝဝ၀/-) ကျပ်၊ … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၆-၆-၂၀၂၀)ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃/၄/၅/၆/၇/၈)ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကြေငြာချက်များအား အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun2020 Source: ညွှန်ကြားရေးမှူး ( ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံ
-
ဒီးမော့ဆိုမြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအုပ်စု ထေးဒူဖျကျေးရွာ၊ ဒေါတ မြေးကျေးရွာ၊ နန်ဟူးသွေကျေးရွာနှင့် ဒေါကလော်ဒူကျေးရွာ၊ ၆မိုင်ကျေးရွာအုပ်စု ဒေါဆိုရှေးကျေးရွာ၊ ဟိုဖိတ်ကျေးရွာနှင့် ဂေါ်ရခါးကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု စိုက်ကွင်း၂ ကျေးရွာ၊ ဒေါဒူကျေးရွာနှင့် ဒေါကလိုးခူကျေးရွာ၊ ဒေါငံခါးကျေးရွာအုပ်စု၊ ဒေါငံခါးကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၆-၆-၂၀၂၀) ရက်နေ့ ၊ (၁၀း၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ ရသေ့ချောင်းကျေးရွာ၊ လယ်သာအေးကျေးရွာနှင့် တောင်နီကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_jun2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၂၀)ရက်နေ့တွင် မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ဂုံးနားရွာ၊ ကပ္ပကောင်းရွာ၊ ကံဘဲရွာ၊ စေတီပြင်ရွာ၊ အလယ်ရွာတို့တွင် အသံချဲ့စက်ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များ၊ ၂၀၂၀ပြည့်နှစ်၊ဇွန် ၁၀ရက်နေ့တွင် Covide19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဗဟိုကော်မတီမှ ထုတ်ပြန်ကြေငြာချက်အား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2020 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)









