
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တံခါးမြို့ နယ်အတွင်းရှိ ဇရပ်ခင်ရွာဟောင်းကျေးရွာ၊ ဇရပ်ခင်ရွာသစ်ကျေးရွာ၊ သဲဖြူရွာဟောင်းကျေးရွာ သဲဖြူရွာသစ်ကျေးရွာအောက်တဲစုကျေးရွာနှင့် ပဲနွယ်ကုန်းမြို့ကမ္ဘောဇရပ်ကွက်၊ သံမဏိရပ်ကွက် တို့တွင်(၂၄-၆-၂၀၂၀) ရက်နေ့နံနက် (၁၀.၀၀) နာရီအချိန်မှစတင်၍ COVID-19 ကူးစက် ရောဂါ နှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_jun2020
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)