ဇွန်လ ၂၄၊ နေပြည်တော်
~~~~~~
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့်ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(၂၄-၆-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်းတိုက်၊ ကရုချောင်းကျောင်းတိုက်၊ ဗုဒ္ဓေါမော်ကျောင်းတိုက်၊ ဆည်ကြီးကျောင်းတိုက်၊ ဃောသိတာရုံကျောင်းတိုက်၊ ယတြာကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဒကေ္ခာင်းကျောင်းတိုက်၊ မဏိရတနာကျောင်းတိုက်၊ မဟာအောင်မြေပုံကျောင်းတိုက်၊ သာသနာ့ဗိမ္မာန်ကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်၊ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ ဓမ္မာရာမကျောင်းတိုက်၊ နန်းရွှေဂူကျောင်းတိုက်၊ တေဇာရာမကမ္မဌာန်းကျောင်းတိုက်၊ မဟာဇေယျသိဒ္ဓိပဌာန်းကျောင်းတိုက်၊ မဟာသိမဝံသကျောင်းတိုက်၊ မေယုဓမ္မစက္ကုကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတိုက်၊ ဥဿလင်းကျောင်းတိုက် စုစုပေါင်းတိုက်ပွဲရှောင်စခန်း(၂၁)ခုသို့ သွားရောက်၍ ဆပ်ပြာ(၁၀၉၂)တောင့့််၊ လက်သန့်ဆေးရည်(၁၂၀)ဘူး၊ Surgical Mask(၁၇၂၀)ခု၊ အပူချိန်တိုင်းကိရိယာ(၄)ခု၊ ဗီနိုင်း (၃၂)ချပ်၊ လက်ဆေးဘေစင်(၄)ခု၊ COVID-19 အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick(၄)ချောင်း၊ အဝတ်Mask(၄၀၈)ခု၊ Hand Speaker(၄)ခုနှင့် ထုံးအိတ်(၂၀)အိတ်တို့ကို ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။