စက်ရေတွင်းပြုပြင်ရန်အတွက်ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝာာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ရေလာကျေးရွာအုပ်စု၊ ရေလာလေး ကျေးရွာတွင် အိမ်ခြေ(၁၆၇)၊ အိမ်ထောင်စု(၁၇၇)စု၊ လူဦးရေ(၈၈၅)ဦး အသုံးပြုလျက်ရှိသော စက်ရေတွင်းပြုပြင်ရန်အတွက် ထောက်ပံ့ငွေ(၂,၄ဝဝ,ဝဝဝိ/-)၊ (ကျပ်နှစ်ဆယ့်လေးသိန်း တိတိ)အား ပခုက္ကူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ စက်ရေတွင်း ပြုပြင်ရေးကော်မတီထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာပြည်သူများအား ဝန်ကြီးဌာန၏ ဆောင်ရွက်ပေးမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#otr
#mgy _jun2020

Sign Up

Upcoming Events