Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၄-၆-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စုအတွင်းရှိ ကျုံလတာကျေးရွာ၊ ပန်းမောက်ခုံကျေးရွာ၊ ဂုံညှင်းတန်းကျေးရွာနှင့် ပိုက်ချက်ကျေးရွာများတွင်  Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများပြုလုပ်ခြင်း၊ မိုးကြိုးဘေး/ မုန်တိုင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#ayy_jun2020

Source:                 မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )

Sign Up

Upcoming Events