Category Archives: News
-
မြစ်ရေကြီးမှု အခြေအနေသတင်း (၁၈-၇-၂၀၂၀ ရက်နေ့ထုတ်ပြန်ချက်)
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၈-၇-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် (၂)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာ အုပ်စု၊ ဇီးဒေါင့်ကျေးရွာနှင့် တုံနန်းကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာတို့၌ (၁၇-၇-၂၀၂၀) ရက်နေ့ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၂) လုံး၊ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် စုစု ပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ် အား (၁၈-၇-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် … Read more
-
ဘားအံမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၂:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ကျုံခဝန်ကျေးရွာ၊ နော့နော်ဝါးကျေးရွာ၊ တံတားဦးကျေးရွာ၊ ဝင်းဒရယ်ကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာ၊ ဘင်ဂျီကျေးရွာနှင့် ဝါးဘိုးတောကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_jul2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁/၂/၃/၄/၅)ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁/၂/၃/၄/၅)ရပ်ကွက်များအတွင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_jul2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့၊ နံနက် (ဝ၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ စျေးသစ်ရပ်ကွက်နှင့် စျေးဟောင်းရပ်ကွက်တို့၌လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ တာငါးဆယ်တောင်ရပ်ကွက်နှင့် တာငါးဆယ်မြောက်ရပ်ကွက်တို့၌ ည (၁၈:၀၀) နာရီမှ (၂၀:၀၀) နာရီအချိန်အထိလည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့်ပတ်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များအားလည်းကောင်း အများပြည်သူများ သိရှိလိုက်နာရန် … Read more
-
ပြည်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့တွင် ပြည်မြို့နယ်၊ မတောင့်တကျေးရွာ၊ ခေတ္တရာမြို့သစ်နှင့် နဝင်းကွက်သစ်တို့၌ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_jul2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ လောဂျာကျေးရွာ၊ မာခရော်ရှေ့ကျေးရွာ၊ တနောကလောကျေးရွာ၊ ထားလဲကျေးရွာ၊ ဒေါဆီးခူကျေးရွာ၊ ဒေါကလော်လဲကျေးရွာ၊ ဒေါသဲကျေးရွာနှင့် ခိုးရားခူကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_jul2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ချင်းတိုင်းရင်းသားများနှင့် ပတ်သက်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
ဇူလိုင် ၁၆၊ နေပြည်တော် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ချင်းတိုင်းရင်းသားများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ချင်းတိုက်ပွဲရှောင် ပြည်သူများကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီနှင့် ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conference ဖြင့် ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ချင်းတိုက်ပွဲရှောင်ပြည်သူများကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (Relief and Rehabilitation Committee for … Read more
-
Covid-19 ကူးစက်ရောဂါ၊ မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေး စသည့်သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးရွှေကူးကျေးရွာ၊ စော်ဖျားကျေးရွာ၊ ကျောက်လှေကားကျေးရွာနှင့် အင်းပြားကျေးရွာတို့တွင် လော်စပီကာ၊ Memory stick နှင့် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့်သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့်ဗီနိုင်းပိုစတာများ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jul2020
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၇-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ရောက်ရှိခိုလှုံနေထိုင် လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၈၀) စု၊ လူဦးရေ (၃၄၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန်(၁၀၇) အိတ်၊ (၁၉) ပြည်၊ (၄) ဗူးအားလည်းကောင်း၊ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်တိုက်ပွဲ ရှောင်စခန်းရှိ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၈၄) … Read more









