ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့၊ နံနက် (ဝ၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ စျေးသစ်ရပ်ကွက်နှင့် စျေးဟောင်းရပ်ကွက်တို့၌လည်းကောင်း၊ ဟင်္သာတမြို့နယ်၊ တာငါးဆယ်တောင်ရပ်ကွက်နှင့် တာငါးဆယ်မြောက်ရပ်ကွက်တို့၌ ည (၁၈:၀၀) နာရီမှ (၂၀:၀၀) နာရီအချိန်အထိလည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့်ပတ်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များအားလည်းကောင်း အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events