ဘားအံမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၂:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ကျုံခဝန်ကျေးရွာ၊ နော့နော်ဝါးကျေးရွာ၊ တံတားဦးကျေးရွာ၊ ဝင်းဒရယ်ကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာ၊ ဘင်ဂျီကျေးရွာနှင့် ဝါးဘိုးတောကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#krn_jul2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events