တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၇-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ရောက်ရှိခိုလှုံနေထိုင် လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၈၀) စု၊ လူဦးရေ (၃၄၅) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန်(၁၀၇) အိတ်၊ (၁၉) ပြည်၊ (၄) ဗူးအားလည်းကောင်း၊ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်တိုက်ပွဲ ရှောင်စခန်းရှိ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၈၄) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန် (၁၂) အိတ်၊ (၆) ပြည်အားလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့၊  ဓမ္မမဏ္ဍိုင်ကျောင်းတိုက်ရှိ အိမ်ထောင် စု (၁၀) စု၊ လူဦးရေ (၅၅) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန် (၈) အိတ်၊ (၄) ဗူးအားလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်မှ အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၁၁၃) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာဖိုးငွေ(၄၇၄၆၀၀/-) ကျပ်အား  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_jul2020

Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events