Covid-19 ကူးစက်ရောဂါ၊ မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေး စသည့်သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးရွှေကူးကျေးရွာ၊ စော်ဖျားကျေးရွာ၊ ကျောက်လှေကားကျေးရွာနှင့် အင်းပြား‌ကျေးရွာတို့တွင် လော်စပီကာ၊ Memory stick နှင့် Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာ‌ဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့‌ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့်သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်‌/ ရှောင်ရန် အချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့်ဗီနိုင်းပိုစတာများ‌ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_jul2020

Sign Up

Upcoming Events