ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာ အုပ်စု၊ ဇီးဒေါင့်ကျေးရွာနှင့် တုံနန်းကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာတို့၌ (၁၇-၇-၂၀၂၀) ရက်နေ့ ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၂) လုံး၊ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ် စုစု ပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀) ကျပ် အား (၁၈-၇-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် ကလေးဝမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။

#ha_rbe
#sgg_may2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events