Category Archives: News
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ အေးမြသာယာ အပိုင်း၊ တောင်ပြိုမှော်ရွာ၌ (၁-၈-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၃၃,၆၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-)၊ ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၃,၆၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၂၀) ရက်နေ့နှင့် (၄.၈.၂၀၂၀) ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာအုပ်စု ပပြင်ကျေးရွာအုပ်စုတို့တွင် ပြိုကျပျက်စီးသွားသော အိမ်ခြေ (၈)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၈)စု တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ် လူဦးရေ (၇၃)ဦးအတွက် (၇)ရက်စာ (၁၅၃၃၀၀/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၂၅၃၃၀၀/-)ကျပ်ကို … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုရှိ ထင်းကွင်းကျေးရွာ၊ တောတန်းလေးကျေးရွာ၊ ခနောင်ကျေးရွာအုပ်စုရှိ ခနောင်ရွာမကျေးရွာနှင့် လှည်းဆိပ်ကျေးရွာအုပ်စုရှိ လှည်းဆိပ်ကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ ထန်းဇင်လှ ကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာနှင့် ထန်းဇင်လှ ကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ၊ အင်းကလေးကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့ တွင် ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျးရွာအုပ်စု၊ ထုံးဘိုကျးရွာ၌ ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၇) စုမှ လူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ (၅၈,၈၀၀/-)ကျပ်၊ အိမ်ထောင်စု (၇)စု အတွက် ဆပ်ပြာ (၇) တောင့်နှင့် လူဦးရေ (၂၈) ဦးအတွက် (၁) ဦးလျှင် Surgical Mask (၂) ခုနှုန်းဖြင့် … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတောင်းမြို့၊ ကြခတ်၊ ဝန်လို၊ စည်သာ၊ ဖောင်းကန်ရပ်ကွက်နှင့် တောင်ဘွေကျေးရွာတို့၌ (၄-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု(၂၈၃)စုတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၉၄,၃၀၀/-) ကျပ်၊ ဆပ်ပြာ(၈၂)တောင့်နှင့် Mask (၅၆၆) ခုတို့ကို (၆-၈-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug2020 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့ တွင် ပန်းတောင်းမြို့နယ်၊ သူရဲတန်းအုပ်စု၊ ကျားကိုက်ကျေးရွာ၌ သူရဲတန်းချောင်းရေတိုက်စာပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံငွေ (၁၀၀,၀၀၀/-)ကျပ် ၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၄၂၀၀/) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွ(၁၀၄,၂၀၀/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ ပလပ်စတစ်ပုံး၊(၁)အိမ်ထောင်စာတို့အား (၆-၈-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၅:၃၀)နာရီအချိန်တွင် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀)ရက်နေ့၌ ပုလောမြို့နယ် ခန္တီကျေးရွာအုပ်စု ကုလားမခေါင်း ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ် လူဦးရေ(၄)ဦးတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၅၈၄၀၀/-)ကျပ်တို့အား (၆-၈-၂၀၂၀)နေ့(၁၆း၂၀)အချိန်တွင် ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #tny_aug2020
-
ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏အချက်အလက်များ တိကျခိုင်မာအားကောင်းစေရေးသုံးသပ် ညှိနှိုင်းမှုသတင်း
ဩဂုတ်လ (၆)၊ နေပြည်တော် ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် Universal Periodic Review(UPR) နှင့်ပတ်သက်၍ အမျိုးသားအဆင့်စတုတ္ထအကြိမ် အစီရင်ခံစာ (မူကြမ်း) အပေါ် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စုစည်း တင်ပြဆောင်ရွက်ရသည့် အချက်အလက်များ ပိုမိုတိကျခိုင်မာအားကောင်းစေရေး သုံးသပ်ခြင်းအစည်းအဝေးကို အဆိုပါဝန်ကြီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန် သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာနှင့် သံကလောင်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များ နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug2020









