လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ အေးမြသာယာ အပိုင်း၊ တောင်ပြိုမှော်ရွာ၌ (၁-၈-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၃၃,၆၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-)၊ ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၃,၆၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၄) စုစာတို့အား (၆-၈-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_aug2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)