
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀)ရက်နေ့၌ ပုလောမြို့နယ် ခန္တီကျေးရွာအုပ်စု ကုလားမခေါင်း ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ် လူဦးရေ(၄)ဦးတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၅၈၄၀၀/-)ကျပ်တို့အား (၆-၈-၂၀၂၀)နေ့(၁၆း၂၀)အချိန်တွင် ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိသည်။
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#tny_aug2020