Category Archives: News
-
လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌(၂၆-၉- ၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာရန်ပုံငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ(၃၄၇၅၃/-)ကျပ် အား (၆-၁၀-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါ … Read more
-
ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်မှူကြောင့် ရေဝင်ဖျက်သိမ်းအိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/)နှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀ိ/)၊ စုစုပေါင်း(၂၁၂၆၀၀ိ/)တို့အား (၅.၁၀.၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_oct2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပသည့် (၇၁) ကြိမ်မြောက်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား
အောက်တိုဘာလ (၅) ၊ နေပြည်တော် ကမ္ဘာတစ်ဝှန်းရှိနေရပ်စွန့်ခွာမှုများ၊ ရွှေ့ပြောင်းသွားလာမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာ မင်းကြီးရုံး၏ (၇၁) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ UNHCR အမှုဆောင်ကော်မတီ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင် လေ့လာသူနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံများ၊ လေ့လာသူအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ … Read more
-
ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ ပိန္နဲကုန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ဇေယျာချောင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ မိဿလင်းအုပ်စု၊ ကျောက်ထုံးကြီးအုပ်စု၊ ဝေဆွယ်ကျေးရွာတို့တွင် (၃၀.၉.၂၀၂၀)နှင့် (၁.၁၀.၂၀၂၀) ရက်နေ့တို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှူကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၇၄)စုမှ လူဦးရေ(၄၀၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၅၆၈၀၀ိ/)၊ အဝတ်Mask(၁၀၆)ခုနှင့် ဆပ်ပြာ(၁၂)တောင့်တို့အား (၂.၁၀.၂၀၂၀) ရက်နေ့(၁၆း၅၀) နာရီချိန်တွင်လည်းကောင်း၊ (၃.၁၀.၂၀၂၀) ရက်နေ့ (၁၂း၁၅) နှင့်(၁၄း၀၀)နာရီချိန်တို့တွင်လည်းကောင်း၊ (၄.၁၀.၂၀၂၀) ရက်နေ့(၁၄း၀၀)နာရီချိန်တွင်လည်းကောင်း၊ (၅.၁၀.၂၀၂၀)ရက်နေ့ (၁၁း၃၀)နှင့် (၁၅း၀၀)နာရီတို့တွင်လည်းကောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_oct2020 … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅.၁၀.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Cyclone Shelter တည်ဆောက်မည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ (၆.၁၀.၂၀၂၀) ရက်နေ့တွင် တင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် Cyclone Shelter တည်ဆောက်မည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_oct2020 Source: မြိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာတွင် (၂၈.၉.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၄၀၀,၀၀၀) ၊ လူဦးရေ(၆၇)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၁၄၀,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၅၄၀,၇၀၀) နှင့် ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်းကျေးရွာ၊ ရုံးဆိပ်ကျွန်းကျေးရွာတွင်(၂၈.၉.၂၀၂၀)ရက်နေ့နှင့် (၃၀.၉.၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀,၀၀၀)၊ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၅၄,၆၀၀)၊ စုစုပေါင်းထောက်ပံငွေ(၇၅၄,၆၀၀) အား ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၆.၁၀.၂၀၂၀)ရက်နေ့ (၁၃:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ နှစ်ခြင်း IDPsစခန်းရှိ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ(၃၀၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၃၀၆)ခဲနှင့် ကက်သလစ် IDPsစခန်းရှိ အိမ်ထောင်စု(၄၂)စု၊ လူဦးရေ(၁၇၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၁၇၆)ခဲ စုစုပေါင်း ထုံး(၂၀)အိတ်၊ ဆပ်ပြာ(၄၈၂)ခဲစသည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_oct2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်ရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ (၆- ၁၀-၂၀၂၀)ရက်နေ့(၁၀:၀၀)အချိန်တွင် လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #krn_oct2020 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်တနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဿဝင်ကျေးရွာ ပြည်တော်သာ ကျေးရွာ ရွှေဖလားကျွန်းကျေးရွာနှင့် ရေပေါ်ကြီးကျေးရွာအုပ်စု ကုလားကုတ်ကျေးရွာတို့၌ (၂၅-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုး ရန်ပုံငွေ (၁၀၉၂၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၂၀၉၂၀၀/-)အား (၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၀:၂၀)အချိန်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ … Read more









