လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း

 

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌(၂၆-၉- ၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော​‌ လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာရန်ပုံငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ(၃၄၇၅၃/-)ကျပ် အား (၆-၁၀-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ayy_oct2020

Source:  သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events