လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ ပိန္နဲကုန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ဇေယျာချောင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ မိဿလင်းအုပ်စု၊ ကျောက်ထုံးကြီးအုပ်စု၊ ဝေဆွယ်ကျေးရွာတို့တွင် (၃၀.၉.၂၀၂၀)နှင့် (၁.၁၀.၂၀၂၀) ရက်နေ့တို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှူကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၇၄)စုမှ လူဦးရေ(၄၀၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၅၆၈၀၀ိ/)၊ အဝတ်Mask(၁၀၆)ခုနှင့် ဆပ်ပြာ(၁၂)တောင့်တို့အား (၂.၁၀.၂၀၂၀) ရက်နေ့(၁၆း၅၀) နာရီချိန်တွင်လည်းကောင်း၊ (၃.၁၀.၂၀၂၀) ရက်နေ့ (၁၂း၁၅) နှင့်(၁၄း၀၀)နာရီချိန်တို့တွင်လည်းကောင်း၊ (၄.၁၀.၂၀၂၀) ရက်နေ့(၁၄း၀၀)နာရီချိန်တွင်လည်းကောင်း၊ (၅.၁၀.၂၀၂၀)ရက်နေ့ (၁၁း၃၀)နှင့် (၁၅း၀၀)နာရီတို့တွင်လည်းကောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_oct2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)