လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်မှူကြောင့် ရေဝင်ဖျက်သိမ်းအိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/)နှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀ိ/)၊ စုစုပေါင်း(၂၁၂၆၀၀ိ/)တို့အား (၅.၁၀.၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_oct2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)