လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာတွင် (၂၈.၉.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၄၀၀,၀၀၀) ၊ လူဦးရေ(၆၇)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၁၄၀,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၅၄၀,၇၀၀) နှင့် ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်းကျေးရွာ၊ ရုံးဆိပ်ကျွန်းကျေးရွာတွင်(၂၈.၉.၂၀၂၀)ရက်နေ့နှင့် (၃၀.၉.၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀,၀၀၀)၊ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၅၄,၆၀၀)၊ စုစုပေါင်းထောက်ပံငွေ(၇၅၄,၆၀၀) အား ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၆.၁၀.၂၀၂၀)ရက်နေ့ (၁၃:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_oct2020
Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)