Category Archives: News
-
သရက်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၆) ရက်နေ့၌ သရက်မြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် လေဘေးသင့်ပြိုလဲအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အမိုးလန် (၁၄၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့ကို (၁-၆-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊ ကဒုံကနိကျေးရွာအုပ်စု၊ ကျွဲဖြူ-ခါးပြတ်ကျေးရွာ အဝီစိတွင်းတူးရန် ကျေးရွာတာဝန်ရှိသူများထံသို့ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ သောက်သုံးရေရှားပါသဖြင့် အဝီစိတွင်းတူးရန် တင်ပြတောင်းခံခဲ့သော ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ကျွဲဖြူ-ခါးပြတ်ကျေးရွာသို့ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ကျေးရွာတာဝန်ရှိသူများထံသို့ အဝီစိတွင်းတူးရန် ထောက်ပံ့ငွေကျပ် (၁၅၁၅၀၀၀/-)တိတိကို (၂.၆.၂၀၁၆) ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်၊၊
-
သရက်မြို့နယ်၊ ပါးပွတ်ကျေးရွာ၌ သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ပါးပွတ်ကျေးရွာ၌ သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ လူဦးရေ (၁၁၅) ဦးတက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ် ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဇီးဖြူရွာမကျေးရွာလေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ် ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဇီးဖြူရွာမကျေးရွာ၌ (၂၈.၅.၂၀၁၆ )ရက်နေ့တွင် တိုက်ခတ်ခဲ့သောလေဆင်နှာမောင်းကြောင့် အိမ်ခြေ (၂) လုံး ပြိုပျက်၍ အိမ်ခြေ (၈) လုံးမှာ အမိုးလန် ပျက်စီးခဲ့ပါသည်၊၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ ပြိုပျက် နေအိမ်(၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စ ည်း (၉) မျိုး နှင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ် ၊ အမိုးလန် အိမ်ခြေ (၈) လုံးအတွက် ကယ်ဆယ် ရေးပစ္စည်း (၄) … Read more
-
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဝါးသုံးပြူးကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ဝါးသုံးပြူးကျေးရွာရှိ အမကကျောင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို (၃၁-၅-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
အိန္ဒိယနိုင်ငံရောက် မြန်မာရေလုပ်သား(၁၂၆)ဦး ပြန်လည်ရောက်ရှိမှုသတင်း
အိန္ဒိယရေပိုင်နက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားပြီး အိန္ဒိယနိုင်ငံအစိုးရ၏ ဖမ်းဆီးအရေးယူမှုကြောင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင်ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုပြီးသူများအနက် ပထမအသုတ်အဖြစ် ပြန်လည်ခေါ်ယူ ခဲ့သည့် ရေလုပ်သား(၁၂၉)ဦးသည် (၃၁-၅-၂၀၁၆)နေ့ (၁၇:၂၀)အချိန်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI)မှ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ ခဲ့ပါသည်။ ပြန်လည်ရောက်ရှိခဲ့သည့်ရေလုပ်သား(၁၂၉)ဦးမှာ ဧရာ၀တီတိုင်းဒေသကြီးမှ(၁၀၄)ဦး၊ ရန်ကုန် တိုင်းဒေသကြီးမှ(၂)ဦးနှင့် ရခိုင်ပြည်နယ်မှ(၂၃)ဦးတို့ဖြစ်ပါသည်။ ၎င်းရေလုပ်သားများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး၀င်းထွဋ်ဦး ဦးဆောင်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်(၈)ဦး … Read more
-
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာ (၁၀) ရွာ၌ ဖြစ်ပွားခဲ့သည့် လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာ (၁၀) ရွာတွင် (၁၆-၅-၂၀၁၆) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေး ကြောင့် အိမ်ထောင်စု (၂၃) စု ဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၂၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး ကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၃၁-၅-၂၀၁၆) ရက် နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ မန်ယွန်းကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအတွက် မိုးမိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်မှုသတင်း
မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ မန်ယွန်းကျေးရွာအုပ်စုတွင် (၂၂-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုးအား စိန်နန်းစိုးကားဖြင့် လည်းကောင်း၊ ပြိုကျအိမ် (၈) လုံးနှင့် အမိုးလန် (၄၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကယ်ဆယ်ရေးရန်ပုံငွေ (၁၃၀၀,၀၀၀) ကျပ်အား မြန်မာ့စီးပွားရေးဘဏ် ဖြင့်လည်းကောင်း (၃၁-၅-၂၀၁၆) ရက်နေ့တွင် မိုးမိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် လာရှိုးမြို့ရှိ သူနာပြုသားဖွားသင်တန်းကျောင်းမှ နောက်ဆုံးနှစ်သင်တန်းသူများအား သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပ မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လာရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၂၈-၅-၂၀၁၆) ရက်နေ့တွင် လားရှိုးမြို့ရှိ သူနာပြုသားဖွားသင်တန်းကျောင်းမှ နောက်ဆုံးနှစ်သင်တန်းသူများအား သဘာဝဘေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသူ (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့၊ ကနက်သီရိကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲနှင့် မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်မှုသတင်း
(၂၈-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကနက်သီရိကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲနှင့် မုန်တိုင်းဇာတ်တိုက်အကြိုညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ လူဦးရေ (၅၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး (၂၉-၅-၂၀၁၆) ရက်နေ့တွင် သရက်ချောင်းမြို့၊ ကနက်သီရိကျေးရွာရှိ အိမ်ခြေ (၃၂၆)၊ အိမ်ထောင်စု (၄၀၉) စုမှ လူဦးရေ( ၆၃၀) ဦးနှင့် ဌာနဆိုင်ရာမှ လူဦးရေ (၇၀) ပါဝင်လျက် မုန်တိုင်း ဇာတ်တိုက်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source : တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









