မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ မန်ယွန်းကျေးရွာအုပ်စုတွင် (၂၂-၅-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုးအား စိန်နန်းစိုးကားဖြင့် လည်းကောင်း၊ ပြိုကျအိမ် (၈) လုံးနှင့် အမိုးလန် (၄၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကယ်ဆယ်ရေးရန်ပုံငွေ (၁၃၀၀,၀၀၀) ကျပ်အား မြန်မာ့စီးပွားရေးဘဏ် ဖြင့်လည်းကောင်း (၃၁-၅-၂၀၁၆) ရက်နေ့တွင် မိုးမိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)