(၂၈-၅-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကနက်သီရိကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲနှင့် မုန်တိုင်းဇာတ်တိုက်အကြိုညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ လူဦးရေ (၅၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး (၂၉-၅-၂၀၁၆) ရက်နေ့တွင် သရက်ချောင်းမြို့၊ ကနက်သီရိကျေးရွာရှိ အိမ်ခြေ (၃၂၆)၊ အိမ်ထောင်စု (၄၀၉) စုမှ လူဦးရေ( ၆၃၀) ဦးနှင့် ဌာနဆိုင်ရာမှ လူဦးရေ (၇၀) ပါဝင်လျက် မုန်တိုင်း ဇာတ်တိုက်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source : တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)