မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာ (၁၀) ရွာ၌ ဖြစ်ပွားခဲ့သည့် လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့မှုသတင်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာ (၁၀) ရွာတွင် (၁၆-၅-၂၀၁၆) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေး ကြောင့် အိမ်ထောင်စု (၂၃) စု ဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၂၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး ကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် (၃၁-၅-၂၀၁၆) ရက် နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events