ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ် ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဇီးဖြူရွာမကျေးရွာလေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ် ၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဇီးဖြူရွာမကျေးရွာ၌ (၂၈.၅.၂၀၁၆ )ရက်နေ့တွင် တိုက်ခတ်ခဲ့သောလေဆင်နှာမောင်းကြောင့်   အိမ်ခြေ (၂) လုံး  ပြိုပျက်၍ အိမ်ခြေ (၈) လုံးမှာ   အမိုးလန် ပျက်စီးခဲ့ပါသည်၊၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ ပြိုပျက် နေအိမ်(၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စ ည်း (၉) မျိုး နှင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ် ၊ အမိုးလန် အိမ်ခြေ (၈) လုံးအတွက်  ကယ်ဆယ် ရေးပစ္စည်း (၄) မျိုး နှင့် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁၆၀၀၀၀) ကျပ်၊  ဘေးသင့်ပြညိသူ (၃၉) ဦးအတွက် ဆန်ရိက္ခာဘိုး( ၃၅၁၀၀)ကျပ်၊ စုစုပေါင်း (၂၉၅၁၀၀) ကျပ်တို့အား (၃၀.၅.၂၀၁၆)ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်၊၊

Sign Up

Upcoming Events