(၁-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ပါးပွတ်ကျေးရွာ၌ သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ လူဦးရေ (၁၁၅) ဦးတက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)