Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၇)ပေသွပ် (၁၀၀၀၀) ချပ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့မှုသတင်း
ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့်ဒေသများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့သော (၇)ပေသွပ် (၁၀၀၀၀ ) ချပ်သည် ကုန်တင်ယာဉ် (၂) စီးဖြင့် ရန်ကုန်မြို့မှ (၁-၆-၂၀၁၆) ရက်နေ့တွင် စတင်ထွက်ခွာခဲ့ရာ မြစ်ကြီးနားမြို့သို့ (၅-၆-၂၀၁၆ ) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ကုန်သွယ်လယ်ယာသိုလှောင်ရုံတွင် စုပုံထားရှိခဲ့ကာ ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဘေးသင့်ဒေသများသို့ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ် လေဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၄၄၀,၀၀၀) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၇-၆-၂၀၁၆) ရက်နေ့၊ (၁၅:ဝ၀) နာရီအချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၆၄၀၀၀၀) ကို မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုး (ညွှန်ကြားရေးမှူး) က မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၇-၆-၂၀၁၆) ရက်နေ့၊ (၁၄:ဝ၀) နာရီအချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၆၀၀၀၀) ကို မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုး (ညွှန်ကြားရေးမှူး) က ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၇-၆-၂၀၁၆) ရက်နေ့၊ (၁၅:၄၅) နာရီအချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကဏ္ဍပေါင်းစုံကနဦးအကဲဖြတ်လေ့လာဆန်းစစ်မှုပုံစံ MIRA သင်တန်းဖွင့်လှစ်မှုသတင်း
(၇-၆-၂၀၁၆) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ဧရာဝတီတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) တို့ ပူးပေါင်းပြုလုပ်သည့် “ကဏ္ဍပေါင်းစုံကနဦးအကဲဖြတ်လေ့လာဆန်းစစ်မှုပုံစံ MIRA သင်တန်း” ကို ဖွင့်လှစ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသို့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွင် ပါဝင်ဆောင်ရွက်နေသော ပုသိမ်မြို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စုစုပေါင်းအင်အား (၆၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၇-၆-၂၀၁၆) ရက်နေ့မှ (၈-၆-၂၀၁၆) … Read more
-
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၌ (၁၁-၅-၂၀၁၆) ရက်နေ့နှင့် (၁၂-၅-၂၀၁၆) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၂၁) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ်များအတွက် နေအိမ် (၁) လုံးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ်(၂၄၂၀၀၀၀) တိတိကိုလည်းကောင်း၊ (၁၆-၅-၂၀၁၆) ရက်နေ့တွင် ကျောမြို့၊ အမှတ် (၃) ရပ်ကွက်၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် နေအိမ် (၈) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ်များအတွက် နေအိမ် (၁) လုံးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၆၀၀၀၀) တိတိကိုလည်းကောင်း၊ … Read more
-
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန်ကျေးရွာရှိ မီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း
(၆-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန် ကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇) ဦး အတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ family kit အမျိုး (၂၀) ပါ (၁) အိတ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ (၁၂-၅-၂၀၁၆) ရက်နေ့နှင့် (၁၇-၅-၂၀၁၆) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၀) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ်များအတွက် နေအိမ် (၁) လုံးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၂၀၀၀၀၀) တိတိကိုလည်းကောင်း၊ (၁၉-၅-၂၀၁၆) ရက်နေ့တွင် အမှတ် (၁၁)၊ ဇီးဖြူကုန်းရွာ၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် နေအိမ် (၅) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ်များအတွက် နေအိမ် (၁) လုံးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၀၀၀၀၀) တိတိကိုလည်းကောင်း၊ … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့သို့ ရောက်ရှိ နေသော တိုက်ပွဲရှောင်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးမှုအခြေအနေသတင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့သို့ (၄-၆-၂၀၁၆) ရက်နေ့ နှင့်(၅-၆-၂၀၁၆) ရက်နေ့များတွင် ရောက်ရှိ နေသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၅) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် လူဦးရေ (၁၃၂) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၁၁၈၈၀၀) ကျပ်အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ (၆-၆-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်(၅-၆-၂၀၁၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဟင်္သာတခရိုင်သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေပေးအပ်ပွဲသတင်း
၁၊၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ တာဝန်ရှိသူများနှင့်အတူ (၅-၆-၂၀၁၆)ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဟင်္သာတ ခရိုင်သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လေဘေးသင့်ဒေသများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေး ကိရိယာပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်သူအားလုံးလွတ်လပ်လုံခြုံ စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားရှိပြီး ပြည်သူကိုဗဟိုပြု၍ ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေးနှင့် … Read more









