မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၌ (၁၁-၅-၂၀၁၆) ရက်နေ့နှင့် (၁၂-၅-၂၀၁၆) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၂၁) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ်များအတွက် နေအိမ် (၁) လုံးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ်(၂၄၂၀၀၀၀) တိတိကိုလည်းကောင်း၊ (၁၆-၅-၂၀၁၆) ရက်နေ့တွင် ကျောမြို့၊ အမှတ် (၃) ရပ်ကွက်၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် နေအိမ် (၈) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ်များအတွက် နေအိမ် (၁) လုံးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၆၀၀၀၀) တိတိကိုလည်းကောင်း၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၂၅၈၀၀၀၀) တိတိအား လေဘေးပြည်သူများအတွက် မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုး (ညွှန်ကြားရေးမှူး) က ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ (၆-၆-၂၀၁၆) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)