(၇-၆-၂၀၁၆) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ဧရာဝတီတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) တို့ ပူးပေါင်းပြုလုပ်သည့် “ကဏ္ဍပေါင်းစုံကနဦးအကဲဖြတ်လေ့လာဆန်းစစ်မှုပုံစံ MIRA သင်တန်း” ကို ဖွင့်လှစ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသို့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွင် ပါဝင်ဆောင်ရွက်နေသော ပုသိမ်မြို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စုစုပေါင်းအင်အား (၆၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၇-၆-၂၀၁၆) ရက်နေ့မှ (၈-၆-၂၀၁၆) ရက်နေ့ (၁၂:၀၀) နာရီအချိန်အထိဖြစ်ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)