(၆-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန် ကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇) ဦး အတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး၊ family kit အမျိုး (၂၀) ပါ (၁) အိတ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)