
ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့်ဒေသများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့သော (၇)ပေသွပ် (၁၀၀၀၀ ) ချပ်သည် ကုန်တင်ယာဉ် (၂) စီးဖြင့် ရန်ကုန်မြို့မှ (၁-၆-၂၀၁၆) ရက်နေ့တွင် စတင်ထွက်ခွာခဲ့ရာ မြစ်ကြီးနားမြို့သို့ (၅-၆-၂၀၁၆ ) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ကုန်သွယ်လယ်ယာသိုလှောင်ရုံတွင် စုပုံထားရှိခဲ့ကာ ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဘေးသင့်ဒေသများသို့ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)