မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ (၁၂-၅-၂၀၁၆) ရက်နေ့နှင့် (၁၇-၅-၂၀၁၆) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၀) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ်များအတွက် နေအိမ် (၁) လုံးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၂၀၀၀၀၀) တိတိကိုလည်းကောင်း၊ (၁၉-၅-၂၀၁၆) ရက်နေ့တွင် အမှတ် (၁၁)၊ ဇီးဖြူကုန်းရွာ၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် နေအိမ် (၅) လုံးအမိုးလန်ခဲ့ရာ အဆိုပါအမိုးလန်နေအိမ်များအတွက် နေအိမ် (၁) လုံးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၀၀၀၀၀) တိတိကိုလည်းကောင်း၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၃၀၀၀၀၀) တိတိအား လေဘေးပြည်သူများအတွက် မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုး (ညွှန်ကြားရေးမှူး) က ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ (၇-၆-၂၀၁၆) ရက်နေ့၊ နံနက် (၁ဝ:ဝ၀) နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events