Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်းကျေးရွာတွင် (၂၂-၇-၂၀၁၆) ရက်နေ့၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၂၃) စု ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရပါသည်၊၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၆) ရက်နေ့တွင် ဘေးသင့် အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၉၅)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ (၃)ရက်စာ ရန်ပုံငွေ (၈၅၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၆၀၀၀၀)ကျပ်အား ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်၊၊
-
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တွင် မိုးကြိုးထိမှန်၍ သေဆုံးသူနှစ်ဦး အတွက်ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာတွင် (၂၀-၇-၂၀၁၆) ရက်နေ့က မိုးကြိုးထိမှန်၍ ရွာသား(၂)ဦးသေဆုံးခဲ့ပါသည်၊၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် သေဆုံးခဲ့သော ရွာသားနှစ်ဦး အတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်းကို (၂၇-၇-၂၀၁၆) ရက်နေ့က မြို့နယ်တာဝန်ရှိသူထံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရပါသည်။
-
ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရောက်ရှိနေသော တိုက်ပွဲ ရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများပြုလုပ်ခဲ့ရာ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ ၃၈ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) ျိုး တန်ဖိုး ၂၂၀၆၆၀ကျပ် နှင့် ဆန်ရိက္ခာ (၃)ရက်စာ တန်ဖိုး ၃၄၂၀၀ကျပ်အား သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်၊၊
-
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအထက်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆-၇-၂၀၁၆)နေ့တွင် World Vision Myanmar (Kyaing Tong)နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအထက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် သဘာဝဘေး အန္တရာယ်နှင့် ခုခံကာကွယ်နိုင်မှုစွမ်းဆောင်ရည်ဆိုင်ရာသဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်အုပ်ဆရာမကြီးနှင့်တက်ရောက်သူ ဆရာ /ဆရာမ ၊ ကျောင်းသား /ကျောင်းသူ စုစုပေါင်း(၁၁၉)ဦးတက်ရောက် ခဲ့ ကြောင်းသတင်းရရှိပါသည်၊၊
-
စစ်တွေမြို့တွင် “သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ပြုလုပ်မှုသတင်း
(၂၇-၇-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ မင်းသူရိယခန်းမတွင် “သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ထိုဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ (၁) ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၁) ဦး၊ ရခိုင်ပြည် နယ်ဦးစီးမှူးရုံး (ကဆရ) မှ (၁)ဦး၊ လူမူဝန်ထမ်းဦးစီးဌာနမှ (၁)ဦး ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ (၁) ဦး၊ မီးသတ်ဦးစီးဌာနမှ (၁) ဦး၊ ကျန်းမာရေးဦးစီးဌာနမှ(၂) ဦး၊ ပညာရေးဦးစီးဌာနမှ (၂) ဦးနှင့် NGO/INGO … Read more
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂျတ်မိုင်ကျေးရွာတွင် (၂၅-၇-၂၀၁၆) ရက်နေ့၌ဖြစ်ပွားသော ရေဘေးသင့် အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၄၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ထောင်စု (၈) စုစာအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၄၀,၅၀ိ/-) နှင့် အိမ်ဆောက်ပစ္စည်း ဖိုး(၂၀၀,၀၀ိ/-) တို့အား (၂၆-၇-၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှ (IOM)အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆရာအတတ် သင် သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (IOM) အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆရာအတတ်သင် သင်တန်းကို (၂၅-၇-၂၀၁၆) ရက်နေ့၊ (၉:ဝ၀) နာရီအချိန်တွင် စစ်တွေ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ထိုသင်တန်းတွင် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသား ဦးရေ (၂၀) ဦးခန့် တက်ရောက် ခဲ့ပြီး သင်တန်းကို (၂၅-၇-၂၀၁၆) ရက်နေ့မှ (၂၉-၇-၂၀၁၆) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးအား ကမ္ဘောဇဘဏ်လီမိတက်မှလာရောက်တွေ့ဆုံခြင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် ကမ္ဘောဇဘဏ်လီမိတက်မှ တာ၀န်ရှိသူများနှင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် ဝန်ကြီး၏အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ၂။ ကမ္ဘောဇဘဏ်လီမိတက်မှ ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများအတွက် လစာငွေကို အလိုအလျောက်ငွေထုတ်ကဒ် (ATM Card) ဖြင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရန်ပုံငွေ တိုးပွားရေးဆိုင်ရာ စုဆောင်းထားရှိနိုင်မှုစနစ်များ၊ တိုင်းဒေသကြီး/ပြည်နယ်/ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များသို့ ထောက်ပံ့ပေးနေမှု အခြေအနေများ၊ ထပ်မံထောက်ပံ့ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ၃။ ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် … Read more
-
ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center- EOC) သို့ လာရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း
ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center- EOC) သို့ လာရောက်ကြည့်ရှုပြီး လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက် မီးဘေးအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၁-၇-၂၀၁၆) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊ ပါလိတောရမအူကန်ရွာဘုန်းတော်ကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းမီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါမီးဘေးအတွက် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ သံဃာတော် (၂) ပါးစာ သင်္ကန်းဒွိစုံ (၂) စုံ၊ ဆွမ်းနှင့် ဘာသာရေးအဆောက်အဦဘိုးငွေကျပ် (၂၀၁,၈၀၀) တိတိအား (၂၂-၇-၂၀၁၆) ရက်နေ့တွင် သဲကုန်းမြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









