ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆-၇-၂၀၁၆)နေ့တွင် World Vision Myanmar (Kyaing Tong)နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအထက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် သဘာဝဘေး အန္တရာယ်နှင့် ခုခံကာကွယ်နိုင်မှုစွမ်းဆောင်ရည်ဆိုင်ရာသဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်အုပ်ဆရာမကြီးနှင့်တက်ရောက်သူ ဆရာ /ဆရာမ ၊ ကျောင်းသား /ကျောင်းသူ စုစုပေါင်း(၁၁၉)ဦးတက်ရောက် ခဲ့ ကြောင်းသတင်းရရှိပါသည်၊၊