ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (IOM) အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆရာအတတ်သင် သင်တန်းကို (၂၅-၇-၂၀၁၆) ရက်နေ့၊ (၉:ဝ၀) နာရီအချိန်တွင် စစ်တွေ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ထိုသင်တန်းတွင် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသား ဦးရေ (၂၀) ဦးခန့် တက်ရောက် ခဲ့ပြီး သင်တန်းကို (၂၅-၇-၂၀၁၆) ရက်နေ့မှ (၂၉-၇-၂၀၁၆) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)